Monday, May 23, 2016

ထာဝရ လက်တစ်စုံ

ထာဝရ လက်တစ်စုံ
✿✿✿✿✿✿✿✿
(စာလေးက သိပ်ကောင်းလိုက်တာ)

❄ 13 နှစ် အရွယ် ကောင်မလေးနဲ့
သူ့အမေတို့ ပန်းခြံထဲမှာ
ကြိုးတံတားပေါ် လမ်းလျှောက်ကြတယ် ။

❄ ကြိုးတံတားက လှုပ်ရမ်းလာတော့
သမီးလေးက ပြောတယ်...

(1) "အမေ သမီးကြောက်တယ်"

(2) "မကြောက်နဲ့သမီး ၊
အမေ့လက်ကိုသာ ကိုင်ထား ။ "
.
.
.
(1) "ဟင့်အင်း ၊
အမေသာ သမီးလက်ကိုကိုင်ထား ။ "

(2) "အတူတူပါပဲ သမီးကလည်း"
.
.
.
(1) "မတူဘူး အမေ ၊
သမီးက အမေ့လက်ကို ကိုင်ထားတုန်း
ကြိုးတံတားက တစ်ခုခုဖြစ်ခဲ့ရင်
အမေ့လက်ကို လွတ်ချင် လွတ်လိုက်မိမှာ
အမေကသာ သမီးလက်ကိုကိုင်ထားရင်
ကြိုးတံတားက တစ်ခုခုဖြစ်ခဲ့လည်း
အမေက သမီးလက်ကို လွတ်မှာမဟုတ်ဘူးလေ..."

❄ သားသမီးကသာ မိဘလက်ကို
လွတ်ချင် လွတ်မိတတ်ကြတယ်
ဒါပေမယ့်
မိဘတွေကတော့ အမြဲတမ်း သားသမီးလက်ကို
ဖမ်းကိုင်ထားပါတယ်.....။

❄ ဘယ်လိုအခြေအနေနဲ့ပဲ ကြုံလာပါစေ
သားသမီး လက်ကို
မလွတ်တတ်တဲ့ မိဘတွေဟာ
အမြဲတမ်း သားသမီးဘက်က
ရပ်တည်ပေးနေကြသူတွေပါ.....။ ။

မိဘတွေရဲ့ နွေးထွေးအေးမြသောရင်ခွင်နဲ့
အားအင်တွေပေးပြီး ကမ်းလင့်ကြိုဆို တွဲထူတတ်သော
လက်တစ်စုံကို သတိမရရင်တောင်
ကြီးမားကျယ်ပြန့်လှသော မိဘမေတ္တာကို
ပြက်ရယ်ပြု မသိကျိုးကျွံ နေထိုင်တတ်ကြသော
သားဆိုး သမီးဆိုးတွေ မဖြစ်ကြပါစေနဲ့လို့......

━━━━━━━━━━━━━━━━━━━━

(#သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ)
Special Credit.   ; အလှအပခံစားတတ်သူများနှင့် မြန်မာ့အလှ


No comments:

Post a Comment