Wednesday, May 25, 2016

🎆

"အမေ သားမနက်ဖြန် ဘွဲ့ ယူရမှာနော်"

"အမေ သိပါတယ် သားရယ် အာ့ကြောင့် လမ်းထိပ်က
ဒေါ်ကျော့ဆီမှာတောင် အမေအကျီင်္အပ်ထား ....
ပါသေးတယ် အမေ့မှာ အကျီင်္အသစ်မရှိတော့ဘူးလေ ...."

"ဟင်....အမေက လိုက်မလို့ လား အိမ်မှာ ..အဖေ့ကို
စောင့်ဖို့ လူမရှိဘဲ ဖြစ်နေမှာပေါ့ ......"

"သားအဖေက သက်သာနေပါပြီ သားရယ်
ဝှီးချဲလေးနဲ့ ခေါ်သွားရင် ရပါတယ်....."
.
.
.
.
သားဖြစ်သူ စိတ်ညစ်သွားတယ် ဒီလိုပွဲမျိုးကို သူ့ မိဘတွေကို
မခေါ်ချင်လို့ တော့ မဟုတ်ပါဘူး ဈေးထဲမှာ
ကြက်သားရောင်း ....စကားပြောရင် အော်ကျယ် အော်ကျယ်
ပြောတတ်တဲ့ အမေနဲ့ လေဖြတ်ပြီးလို့ နလန်ထူကာစ အဖေ့ကို ဒီလိုပွဲမျိုးမှာ
သူပွဲမထုတ်ချင်.........။

သူငယ်ချင်းတွေ ကြားထဲ မိတ်ဆက်ပေးဖို့ ခက်တယ် ။
ဒါနဲ့ ပဲ....မျက်နှာပျက်ပျက်နဲ့ သူ့ အမေကိုပြောလိုက်တယ် ။
.
.
.
.
"မလိုက်ပါနဲ့ အမေရာ ခန်းမထဲကို ၀ှီးချဲ
လည်း ၀င်လို့ ရတာ မဟုတ်ဘူး...။
အမေတို့ လိုက်လာလို့ လည်း ဘာမှထူးခြားသွားမှာမှ မဟုတ်တာ..
သားတစ်ယောက်ထဲ သွားမယ် .....။

မိခင်ဖြစ်သူမှာ သားရဲ့ တဇွတ်ထိုးဆန်တဲ့ စိတ်ကိုသိလို့ 
နာကျင်မိတဲ့ စိတ်ထဲက ဒဏ်ရာကို
အပြုံးနှင့် ဖုံး၍........

"အေးပါကွယ်....သားလေးသဘောပါ သားလေး
ဘွဲ့ ရတာနဲ့ တင် အမေတို့ က
ကျေနပ်ပါတယ် .... အမေအိမ်မှာဘဲ သားအဖေကို
စောင့်နေလိုက်ပါ့မယ်. .........."

သားဖြစ်သူလည်းကျေနပ်ပြီး အိပ်ယာစောစောဝင်ခဲ့တယ် ။
မိခင်ဖြစ်သူကတော့ အိပ်ယာပေါ်မှာအိပ်ပျော်နေတဲ့ ယောက်ျားကိုကြည့်ပြီးး
မချိပြုံးလေး ပြုံးခဲ့ရတယ် .........။

မနက်မိုးလင်းတော့ သားလေးစားဖို့ မိခင်ဖြစ်သူက မနက်စာကို
အရင်ကထက် ပိုဂရုစိုက် .... ....
ပြင်ဆင်ပေးထားတယ် ..... ဘွဲ့ ယူသွားမှာဆိုတော့
ဗိုက်နာမယ့် အစားအစာတွေ မဖြစ်အောင် ဂရုစိုက်လို့ ပေါ့
.
.
.
.
"သားရေ.....မနက်စာအဆင်သင့် ဖြစ်ပြီနော်"

"မစားတော့ဘူး အမေ သားသူငယ်ချင်းတွေနဲ့ ကျောင်းနားက
စားသောက်ဆိုင်မှာ ချိန်းထားတယ်
အဲ့ဒီမှာဘဲ သားစားတော့မယ်........."

"အော် .....အင်းပါ သားရယ် သားလေး ဓါတ်ပုံတွေ ရိုက်ခဲ့နော်
မေမေတို့ ပြန်ကြည့်ချင်လို့ ..........."

"ဟုတ်ကဲ့ပါဗျာ ..... သွားပြီနော် ......"။

ဒီလိုနဲ့ သားဖြစ်သူက သူငယ်ချင်းတွေနဲ့ ချိန်းထားတဲ့
စားသောက်ဆိုင်ရောက်တော့ လူတောင်တော်တော်စုံနေပြီ
နာရီကိုကြည့်တော့လဲ ဘွဲ့ ယူဖို့ အချိန်က တစ်နာရီလောက်
လိုနေသေးတယ်ဆိုတော့ မနက်စာစားဖို့ မှာလိုက်တယ်ါ်
သူငယ်ချင်းဖြစ်သူတွေကို ကြည့်တော့
တစ်ယောက်ထဲ လာတဲ့သူနဲ့ မိဘခေါ်လာတဲ့သူနဲ့ ပေါ့ ........

အဲ့ဒီအချိန်မှာ သူ့ ရဲ့ သူငယ်ချင်းတစ်ယောက်က
သူ့ အမေနဲ့ မိတ်ဆက်ပေးတယ် ..........

'ဟေ့ရောင် ဒါငါ့အမေလေ ငါဘွဲ့ ယူတာ
လိုက်လာခဲ့ပေးတာ ............
အမေ....ဒါက သားသူငယ်ချင်းပါ

မိတ်ဆက်ပေးတဲ့ သူငယ်ချင်းအမေကို လက်ဆွဲနှုတ်ဆက်တော့
အဒေါ်ကလည်း ပြန်လက်ဆွဲ နှုတ်ဆက်တယ်
ဒါပေမယ့် ...... ညာဘက်လက်နဲ့ တော့ မဟုတ်ဘူး
ဘယ်ဘက်လက်နဲ့ ဆိုတော့ ကောင်လေးမှာ ထူးဆန်းပြီး
ညာဘက်လက်ကို ကြည့်လိုက်တယ်.....

"ဟင် ..... အဒေါ့်လက်မှာပါတ်တီးကြီး
နဲ့ ပါ့လား ..... ဘယ်လိုဖြစ်တာလဲ ... ?

'ဒါနဲ့ ....ကောင်လေး သူငယ်ချင်းက၀င်ဖြေတယ်

ဒီလိုကွ .... ငါ့အမေက ငါးရောင်းတာ အဲ့ဒါမနေ့ က
ဝယ်တဲ့သူကို ငါးကိုင်ပေးတာလေ လက်ကိုဓါးထိသွားတာ
အဲ့ဒီဒဏ်ရာနဲ့ ညက အဖျားတွေ တက်လို့ ကွာ ငါ့မှာစိတ်ပူလိုက်ရတာ
ဒီမနက်မှ ပြန်ကောင်းလာတာလေ ဒါတောင် မလိုက်ဘူးလုပ်နေတာ
ငါက အတင်းဆွဲခေါ်လာလိုက်တာလေ
ငါ့ကိုခုလိုဘွဲ့ ခန်းမထဲရောက်အောင် ငါ့အမေက ဈေးထဲမှာ
ငါးရောင်းပြီး ကျောင်းထားခဲ့ရတာကွ .........
ဒါနဲ့ .... မင်းအဖေနဲ့ အမေကော ....မတွေ့ ပါ့လား

ကောင်လေးမှာ သူ့ သူငယ်ချင်းရဲ့ စကားတွေ
နားထောင်ပြီး နောင်တများစွာနဲ့ ....

"အော် ...... အင်း....နောက် ...နောက်က လိုက်လာတယ်ကွ
ငါ့ကို ခဏခွင့်ပြုပါဦးကွာ......
မင်းတို့ ဘွဲ့ ခန်းမကဘဲ စောင့်နေနော်"
.
.
.
.
စကားလည်း အဆုံး ကားလမ်းမပေါ်ထွက်ပြီး Taxi တစ်စီး
ငှားပြီး အိမ်ပြန်ခဲ့တယ်

အိမ်ပေါ်ရောက်တော့ တံခါးကြီး ဖွင့်ထားတာ တွေ့ လို့ 
အဖေနဲ့ အမေအခန်းကိုဝင်ဖို့ လုပ်တုန်း အခန်းထဲက
အသံတွေကြားမိတယ် ။

"ဖေကြီးရေ သားကတော့ ဘွဲ့ ယူသွားပြီတော့ ကျမကတော့
ဘွဲ့ ခန်းမကို မလိုက်ရလဲ သားနဲ့ အတူတူရှိနေသလို
အင်္ကျီအသစ်တွေ ၀တ်ထားတယ် ရှင့်ကိုလည်း တိုက်ပုံအသစ်
ဝတ်ပေးထားတာ တွေ့ လား...."

"တွေ့ ပါတယ် မေကြီးရာ သားလေးပြန်မလာခင်တော့ ငါတို့ တွေ
အကျီင်္လဲ ရမယ်နော် တော်ကြာ အဖေနဲ့ အမေက အဖြစ်သည်းတယ်
ပြောနေပါဦးမယ်ကွာ........... ဟားဟားဟား"

"ဟုတ်ပါ့တော် ...... သားလေးက ရှင့်ကိုစိတ်ပူပြီး ကျုပ်
ကိုမခေါ်တာတော့ သူ့ အဖေတစ်ယောက်တည်း ဖြစ်နေမယ်တဲ့
အဲ့တော့မှ ...... ကျုပ်လည်း ရှင့်ကိုသတိရပြီး နေခဲ့လိုက်တာ
သားလေးသာ သတိမပေးရင် ရှင်တစ်ယောက်တည်း ကျန်ခဲ့မှာ......သိလား
အဲ့ဒါ သားလေးကို ရှင် ...... ကျေးဇူးတင်"

"အေးပါကွာ.......အေးပါ....အင်းငါတို့ သားလေး
ဘွဲ့ ရပညာတတ်ဖြစ်ပြီနော်"

ထိုစကားတွေဟာ ကောင်လေးရင်ကို
သံချွန်နဲ့ ထိုးလိုက်သလိုပါပဲ
မခေါ်ချင်လို့ ထားခဲ့တဲ့ မိဘနှစ်ပါးက အပြစ်မမြင်တဲ့အပြင်
အမေက ငါ့အပြစ်ကို မသိသလိုပါ့လား.......
ဒါနဲ့ အခန်းထဲဝင်ပြီး.........
.
.
.
.
"အမေနဲ့ အဖေ"

"ဟင်.....သားဘွဲ့ ယူပြီးပြီလား မြန်လိုက်တာ..."

မိဘနှစ်ပါးမှာ အ၀တ်အစားသစ်တွေနဲ့ မို့ 
မနေတတ် မထိုင်တတ်
သားလေးမေးလာလျှင် ဘယ်လိုဖြေရပါ့မလဲလို့ တွေးနေချိန်...

"အဖေနဲ့ အမေ့ကို လာခေါ်တာပါ......... ဘွဲ့ ခန်းမ
မှာအဖေနဲ့ အမေကိုအတွက် နေရာရှိသလို .... သားရင်ထဲမှာလဲ
အမြဲနေရာရှိပါတယ် ........ သားကိုခွင့်လွှတ်ပါနော်"

မိဘနှစ်ပါးရှေ့ မှာ ထိခြင်း ငါးပါးနဲ့ ရှိခိုးမိတယ်.....
မိဘနှစ်ပါးကတော့ ၀မ်းသာတဲ့မျက်ရည်စတွေနဲ့ ဆုတွေပေးလို့ ....
.
.
.
.
(မိဘဆိုတာ ကမ္ဘာပေါ်မှာ အောက်တန်းအကျဆုံး
အလုပ်လုပ်နေရင်တောင် ........အဲ့ဒါဟာ သူတို့ အတွက် မဟုတ်ပါဘူး ....
သူတို့ သားသမီးတွေအတွက်ပါ........သူတို့ သားသမီးတွေ အတွက်ဘဲ
မလုပ်ချင်တဲ့အလုပ်ကို သူတို့ လုပ်နေရတာပါ........)

တကယ်တော့ လောကမှာ အစားထိုးလို့ မရတဲ့
အရာတွေထဲမှာ မိဘဟာ နံပါတ်တစ်ပါ ............

━━━━━━━━━━━━━━━━━━━━

(#သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ)
Credit.        ;Min Ye (စစ်တက္ကသိုလ်)


No comments:

Post a Comment