Sunday, May 29, 2016

ဖား ၆ ကောင် ပုံပြင်

ဖား ၆ ကောင် ပုံပြင်

တစ်ခါက ဖား ၆ ကောင်ဟာ အစာရှာ ထွက်ရင်း ရေတွင်းပျက် ထဲ ပြုတ်ကျ ခဲ့ ပါတယ်
ဒါပေမယ့် ရေတွင်းထဲမှာ လက်ကျန်ရေ
ရှိ နေသေးတော့မသေ ခဲ့ကြ ပါဘူး
ကယ်ပါယူပါ တစ်စာစာ အော်ဟစ်နေကြမယ့် ဘယ်သူမှလာမကယ်
ပဲ နောက်ဆုံး အမောလွန်ပြီး မအော်ကြ တော့ပါ ဘူး အဲ့ဒီ အခါ မှာ့
ပထမဖား တစ်ကောင်က
" ငါတို့တော့ ဘဝ ဆုံးပါပြီ ကယ်မယ့်သူ
လည်း မရှိ စိတ်ညစ်ပါ ဘိ" ဟုအော်ဟစ်ငိုကြွေး နေတော့
ဒုတိယဖားက
" ဟျောင့် ငိုမနေနဲ့ ကွ ဘွဆိုတာ
ဒီလိုပဲ စိတ်မပူပါနဲ့ အချိန်တန် ကယ်သူ လာမှာ"
ဆိုပြီး သီချင်းတွေ ဆိုနေ ပါတော့ တယ်
တတိယဖား ကတော့
" မိုးနတ်မင်းကြီး ကယ်တော်မူပါ
အရှင့်တန်ခိုး ၂ ဆ တိုး မိုးများရွာသွန်း ပါတော့ မိုးများများ ရွာမှ ရေတွင်းထဲ ရေပြည့် အပေါ် မြန်မြန် တက်နိုင်မှာ "
ဆုတောင်း သတဲ့
စတုတ္ထဖားကတော့
တစ်လောကလုံး ကို အပြစ်တင်နေခြင်းသာ
ပြုနေ ပါ သတဲ့
ပဉ္စမ ဖားကတော့ စဉ်းစားခန်း ဝင်ရင်း
" အပေါ်တက်ရင် ကောင်းမလား
ငါတက် နိုင်ပါ့မလား ပြုတ်ကျမှာ လား
ပြုတ် ကျရင် ဟိုကောင်တွေ ရီမှား လား"
ဆဌမ ဖားကတော့
ကျန်တဲ့ ဖား ၅ ကောင် တစ်ယောက်တစ်ပေါက် ဖြစ်နေချိန်မှာ
ရေတွင်းနံရံကနေ တွယ်တက်နေတာ
ရေတွင်း အလယ်လောက် ရောက်နေပါပြီ
ကျန်တွေဖားတွေ က
" ဟျောင့် ဆင်းခဲ့ ပြုတ်ကျ သေတော့ မှာပဲ
မင်းက အရူးပဲ ဘယ်လို တက်လို့ရမှာလဲ "
ဝိုင်းအော်ကြပေမယ့် ဆဌမဖားကတော့
ဂရုမစိုက် သူ့အလုပ်သူလုပ် ဆက်လုပ်နေ ပါတယ်
ဒီလိုနဲ့ ညနေစောင်း ရောက်လာတဲ့ အချိန်
ရေတွင်းထဲက ဖား ၅ ကောင်လည်း ကယ်ပါ
ယူပါ အော်ရလွန်းလို့ အသံမထွက် တိတ်ဆိတ် နေပါတယ်
အဲ့ဒီ အချိန် ရေတွင်းပေါ်က ကြိုးတစ်ချောင်း
ကျလာတော့ သူတို့ ၅ ကောင် ဝမ်းသာ အားရ ဖြစ်လာပါတယ်
" ဟေ့ကောင်တွေ ငါချ ပေးတဲ့ ကြိုးတွေ့ လားကွ ကြိုးကနေ တက်ခဲ့ကြတော့
အပြင်မှာ မှောင်ပြီး မိုးချုပ်တော့ မယ်
မြန်မြန် လုပ်ကြဟေ့ "
ဆဌမဖား ရဲ့ ကြိုးစားမှု ဇွဲရှိမှု ကူညီမှုများ ကြောင့် ရေတွင်းထဲက ဖား ၅ ကောင် အသက်ရှင် ပျော်ရွှင် ခဲ့ကြပါတယ်
ဖား ၆ ကောင် ပုံပြင်ကနေ ကျနော်တို့ အတွက်
၁ ။ ပထမ ဖားလို လွယ်လွယ်နဲ့ အရှုံး ပေးသူ
မဖြစ်ပါနဲ့
၂ ။ ဒုတိယ ဖားလို ဘဝ ကိုရေစုန် မျောသူ မဖြစ်ပါနဲ့
၃။ တတိယဖား လို တစ်ပါးသူ အပေါ် မှီခိုသူ
မဖြစ်ပါနဲ့
၎ ။ စတုတ္ထဖား လို အပြစ်တင်ဝေဖန်သူ မဖြစ်ပါနဲ့
၅ ။ ပဉ္စမ ဖားလို ယုံကြည်မှု ကွယ်ပျောက်
တွေဝေနေသူ မဖြစ်ပါ နဲ့
၆ ။ ဆဌမ ဖား လို ဇွဲရှိသူ ကြိုးစားသူ
စိတ်ဓာတ် ကြံ့ကြံ့ခိုင်နိုင်သူ ဖြစ်ဖို့ လိုအပ် ပါသည်
ကူယူဖော်ပြချင်းဖြစ်ပါတယ်

                                                  Copy par
                                                 Mg Bo Kyaw


No comments:

Post a Comment